၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများ စုစုပေါင်း ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီး လျှပ်စစ်ဓာတ်အားအမြန်ရရှိရန် ဆောင်ရွက်နေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ သိရပါတယ်။အဆိုပါ ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများအား ညွှန်ကြားရေးမှူး(စက်/လျှပ်) ဦးဆောင်သည့် စုစုပေါင်း (၁၃၅) ဦးပါဝင်သော ပြန်လည်ပြုပြင်ရေးအဖွဲ့များမှ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးစီစဉ်ဆောင်ရွက်မှုဖြင့် မတ် ၃၁ ရက် နေ့တွင် တာဝါတိုင်အမှတ်(၃၀၉) တိုင်ယိုင်/စောင်းနေမှုအား ပြုပြင်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။တာဝါတိုင်အမှတ် (၃၁၀) တိုင်ဆင်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းအားလည်းကောင်း ၊ တာဝါတိုင်အမှတ် (၃၁၁)၏ ဖောင်ဒေးရှင်းလုပ်ငန်းများနှင့် Stub Setting လုပ်ငန်းများ ဆောင်ရွက်ခြင်း ၉၀ ရာခိုင်နှုန်း အား လည်းကောင်း ဆောင်ရွက်ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားအမြန်ရရှိရန် လျှပ်စစ်ဝန်ထမ်းများမှ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်းလည်း YESC မှ အသိပေးထားပါတယ်။
၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီး လျှပ်စစ်ဓာတ်အားအမြန်ရရှိရန် ဆောင်ရွက်နေဟုဆို
Apr 01 • 5:36 AM
Myanmar
Local
Share
| 44 | 0 | 0 | 0 |


