၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-offs ဗိုလ်လုပွဲတွေမှာ နာမည်ကြီး အီတလီအသင်း ဘော့စနီးယားကို ပယ်နယ်တီအဆုံး အဖြတ်နဲ့ အရေးနိမ့်ပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်ချန်ပီယံ အီတလီအနေနဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလား၊ ၂၀၂၂ ကာတာကမ္ဘာ့ဖလားအပါအဝင် ပြိုင်ပွဲသုံးကြိမ်ဆက် ခြေစစ်ပွဲ မအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၄၀ ကတည်းက အီတလီနောက်ခံလူ ဘက်စတိုနီ ထုတ်ပယ်ခံရလို အီတလီအသင်း ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာဖြစ်တယ်။ဘော့စနီးယားအသင်းကတော့ အသင်းသမိုင်းမှာ ဒုတိယအကြိမ်မြောက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
အခြားပွဲတွေမှာ ချက်က ဒိန်းမတ်ကို ပယ်နယ်တီ၊ ဆွီဒင်က ပိုလန်ကို ၃-၂ ဂိုး၊ တူရကီက ကိုဆိုဗိုကို ၁-၀ ဂိုး၊ DRကွန်ဂိုက ဂျမေကာကို ၁-၀ ဂိုးတွေနဲ့နိုင်ပြီး ခြေစစ်ပွဲ အောင်ခဲ့ကြပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုတွေမှာ ချက်က မက္ကဆီကို၊ တောင်အာဖရိက၊ တောင်ကိုရီးယားတိုနဲ့ အုပ်စု A၊ ဘော့စနီးယားက ကနေဒါ၊ ကာတာ၊ ဆွစ်ဇာလန်တိုနဲ့ အုပ်စု B၊ တူရကီက အမေရိကန်၊ ပါရာဂွေး၊ သြစတြေးလျတိုနဲ့ အုပ်စု D၊ ဆွီဒင်က နယ်သာလန်၊ ဂျပန်၊ တူနီးရှားတိုနဲ့ အုပ်စု F၊ DR ကွန်ဂိုက ပေါ်တူဂီ၊ ဥဇဘက်ကစ္စတန်၊ ကိုလံဘီယာတို.နဲ ့အုပ်စု K တို့မှာ ကျရောက်ခဲ့ကြပါတယ်။


