စစ်ကိုင်း၊မုံရွာမြို့မှာ ကျင်းပမဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်တွေ၊ စတုဒိသာမဏ္ဍပ်တွေ၊ တေးဂီတ ဖျော်ဖြေပွဲတွေနဲ့ စည်ကားစွာ ကျင်းပသွားမဘ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။ လမ်းလျှောက်သင်္ကြန်ကိုတော့ ကန်သာယာ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်မှာ ဗဟိုမဏ္ဍပ်ကြီးတစ်ခုအပါအဝင် ဝန်ကြီးဌာနအလိုက် ရေကစားမဏ္ဍပ်(၄)ခု ပါရှိကာ နိုင်ငံကျော် အဆိုတော်တွေနဲ့ နေ့စဉ် သီဆိုဖျော်ဖြေပေးသွားမှာပါ။ သင်္ကြန်ပွဲတော် လာရောက်ကြသူတွေကိုလည်း စတုဒိသာမဏ္ဍပ်တွေမှာ ထမင်းဟင်းလျာ၊ အချိုရည်၊ မုန့်တွေနဲ့ ကျွေးမွေးဧည့်ခံမှာဖြစ်ပြီး ပြည်သူတွေ စိတ်လွတ်လပ်ပေါ့ပါးစွာ ပါဝင်ဆင်နွှဲနိုင်ရေးနဲ့ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ အသီးသီး ဖွဲ့စည်းထားတယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။
Apr 01 • 6:01 AM
Myanmar
Sagaing
Share
| 19 | 0 | 0 | 0 |


