back

ပြည်တွင်း၌ရိုးမရိပ်သာအိမ်ရာ အခန်းဝယ်ယူသူများယာယီနေထိုင်ခွင့် စတင်ထုတ်ပေးမည်

Apr 01 • 1:34 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း၌ရိုးမရိပ်သာအိမ်ရာ အခန်းဝယ်ယူသူများယာယီနေထိုင်ခွင့် စတင်ထုတ်ပေးမည်

အိမ်ရာချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ်ဖြင့်ယခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ရောင်းချပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ...

အိမ်ရာချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ်ဖြင့်ယခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ရောင်းချပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ် သာအိမ်ရာရှိ အခန်းများအတွက်ယာယီနေထိုင်ခွင့်ကိုဧပြီ ၂ ရက်မှ စတင်ထုတ်ပေးမည်ဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ယာယီနေထိုင်ခွင့် ထုတ်ပေးရာတွင် ရိုးမရိပ်သာအိမ်ရာ တိုက်အမှတ် (၄၈) နှင့် (၅၁)ရှိ အခန်းဝယ်ယူခွင့်ရရှိထားသူများကို ဦးစားပေး၍ ယာယီနေထိုင်ခွင့် အကြောင်းကြားစာများ ထုတ်ပေးသွားမည်ဖြစ်သည်။အဆိုပါ အကြောင်းကြားစာများကို ဧပြီ ၂ရက်မှ စတင်၍ ရန်ကုန် တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အမှတ် (၂၂၈/ ၂၃၄)ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင် မြို့နယ်ရှိရုံးတွင် ရုံးချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်သည်။ယာယီနေထိုင်ခွင့် အကြောင်းကြားစာကိုကိုယ်တိုင် ထုတ်ယူလိုသူများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူတို့ကို တင်ပြရမည်ဖြစ်ပြီး ကိုယ် စားလှယ်ဖြင့်ထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စား လှယ်တို့၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူများနှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ယခုစီမံကိန်းသည် အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

29