မြန်မာနိုင်ငံဘက်ကနေ ပ-စ်လိုက်တဲ့ လက်-နက်ကြီးကျည်တွေဟာ ထိုင်းမဲဆောက် က Ban Huai Maha Wong ကို ကျရောက်ခဲ့တာကြောင့် ထိုင်းစစ်တပ်ဘက်က သတိပေးတဲ့အနေနဲ့ ကျည် ၄ တောင့် ပြန်လည်ပ-စ်ခ-တ်ခဲ့ပါတယ်။ အဲဒီလက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံတွေ ထိခိုက်ခဲ့သလို မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းမှာ မြန်မာစစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ မြန်မာနိုင်ငံဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားရာကနေ စတင်ခဲ့တာပါ။ တိုက်ပွဲအတွင်း ဘယ်ဘက်ကပ-စ်မှန်းမသိရတဲ့ ကျည်ဆန်တွေဟာ ထိုင်းနိုင်ငံ Tak ခရိုင်ထဲကို ကျော်ဝင်လာခဲ့တာလို့ Naresuan တပ်ဖွဲ့မှူးက ပြောပါတယ်။အခြေအနေကို သတင်းပို့တင်ပြပြီးတဲ့နောက်မှာ ထိုင်းစစ်တပ်ဘက်က မီးခိုးဗုံး ၄ လုံးကို သတိပေးတဲ့အနေနဲ့ ချက်ချင်းပြန်လည်ပ-စ်ခ-တ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နယ်စပ်ကို ကျည်ကျော်လာရင် လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းတွေအတိုင်း တုံ့ပြန်ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။လက်ရှိမှာတော့ Naresuan တပ်ဖွဲ့ဟာ နယ်စပ်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်နေတယ်လို့ အတည်ပြု ပြောကြားထားပါတယ်။



