၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ကျင်းပသည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့တွင် ဒုတိယသမ္မတလောင်းနှစ်ဦးအား လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ခဲ့ကြသည်။ စုစုပေါင်း ဆန္ဒမဲ ၁၅၅ မဲအနက် ဒေါ်နန်းနီနီအေး က ၁၁၇ မဲ ရရှိခဲ့ပြီး၊ ဒေါက်တာမနမ်တူးဂျာက ၃၈ မဲ ရရှိခဲ့သဖြင့် ဒေါ်နန်းနီနီအေးအား ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် အတည်ပြုရွေးချယ်လိုက်ခြင်းဖြစ်သည်။ အဆိုပါ ရွေးချယ်တင်မြှောက်သည့် အမည်စာရင်းအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယကထံ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အမျိုးသားလွှတ်တော်မှ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ပြီးနောက် ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ ပြီးဆုံး
Mar 31 • 8:59 AM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


