၂၀၂၇ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် ယှဉ်ပြိုင်မည့် အသင်း ၂၄ သင်းအနက် ၂၃ သင်း သတ်မှတ်ပြီးဖြစ်ပြီး၊ အာဆီယံကိုယ်စားလှယ် ၄ သင်း ပါဝင်သည်။ 🇮🇩 အင်ဒိုနီးရှား၊🇸🇬 စင်ကာပူ၊🇹🇭 ထိုင်း၊🇻🇳 ဗီယက်နမ်၊နောက်ဆုံးနေရာအတွက် အောက်ပါအသင်းနှစ်သင်း ယှဉ်ပြိုင်ရမည်ဖြစ်ကာ🇱🇧 လက်ဘနွန်နဲ့🇾🇪 ယီမင်တို့ဖြစ်ကာ အုပ်စု (ခ) ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်သော်လည်း အဆုံးအဖြတ်ပွဲစဉ်ကို အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ရွှေ့ဆိုင်းလိုက်ရသည်။



