back

ပေကျင်း-ပြုံယမ်း တိုက်ရိုက်ခရီးစဉ်များ အဲချိုင်းနားလေကြောင်းလိုင်း ပြန်လည်စတင်

Mar 31 • 8:58 AM

breaking-news

China

Local News

cover

ပေကျင်း-ပြုံယမ်း တိုက်ရိုက်ခရီးစဉ်များ အဲချိုင်းနားလေကြောင်းလိုင်း ပြန်လည်စတင်

တရုတ်နိုင်ငံ၏ အဲချိုင်းနား လေကြောင်းလိုင်းသည် ပေကျင်းမြို့နှင့် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တို့အကြား တိုက်ရိုက်ပျံသန်းမှုများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရ...

တရုတ်နိုင်ငံ၏ အဲချိုင်းနား လေကြောင်းလိုင်းသည် ပေကျင်းမြို့နှင့် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တို့အကြား တိုက်ရိုက်ပျံသန်းမှုများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ရပ်နားခဲ့ရသည့် အဆိုပါခရီးစဉ်သည် ၆ နှစ်ကြာပြီးနောက်မှ ပြန်လည်ပွင့်လင်းလာခြင်းဖြစ်သည်။ လက်ရှိတွင် နှစ်နိုင်ငံအကြား ခရီးသည်တင်ရထားပြေးဆွဲမှုများကိုလည်း မတ်လ ၁၂ ရက်ကတည်းက ပြန်လည်စတင်ထားပြီးဖြစ်ကာ၊ မြောက်ကိုရီးယားပိုင် အဲကော်ယို (Air Koryo) လေကြောင်းလိုင်းကမူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကပင် ပေကျင်းသို့ ပြန်လည်ပျံသန်းနေပြီဖြစ်သည်။ တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ အဓိကကုန်သွယ်ဖက်နှင့် သံတမန်မိတ်ဖက်ဖြစ်သည်နှင့်အညီ ယခုလေကြောင်းခရီးစဉ် ပြန်လည်စတင်မှုသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းလာစေမည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

10