လီဗာပူးလ်အသင်းနှင့် ကိုးရာသီကြာ လက်တွဲခဲ့ပြီးနောက် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံး၍ အသင်းမှ ထွက်ခွာတော့မည့် အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာ (၃၃ နှစ်) ကို ပြင်သစ်ကလပ် PSG နှင့် ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်တို့က ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။ အီဂျစ်လက်ရွေးစင်အသင်း ဒါရိုက်တာ အီဘရာဟင်ဟာဆန်က ဆာလာအနေဖြင့် အာရုံစိုက်ခံရမှု လျော့နည်းသွားနိုင်သည့် အမေရိကန် မေဂျာလိဂ် (MLS) သို့ မပြောင်းရွှေ့ဘဲ ဥရောပထိပ်သီးကလပ်များတွင်သာ ဆက်လက်ကစားရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆာလာ၏ အေးဂျင့်ဖြစ်သူကမူ လာမည့်ရာသီအတွက် ဆုံးဖြတ်ချက်ကို အတည်မပြုသေးသော်လည်း၊ ဆာလာအား အီတလီကလပ်အချို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရပါသည်။
ဆာလာကို ခေါ်ယူရန် PSG နှင့် ဘိုင်ယန်မြူးနစ်တို့ ကမ်းလှမ်းထားပြီး အမေရိကသို့ မပြောင်းရန် အီဂျစ်အသင်းဒါရိုက်တာ တိုက်တွန်း
Mar 31 • 8:28 AM
Myanmar
International
Share
| 12 | 0 | 0 | 0 |


