back

ထိုင်းနိုင်ငံတွင် ဧပြီ ၁ ရက်မှစ၍ ယာဉ်စည်းကမ်း ၁၀ ချက်ကို ဒဏ်ကြေးအမြင့်ဆုံး ဘတ် ၄၀,၀၀၀ အထိဖြင့် တင်းကျပ်စွာ စတင်အရေးယူမည်

Mar 31 • 8:27 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် ဧပြီ ၁ ရက်မှစ၍ ယာဉ်စည်းကမ်း ၁၀ ချက်ကို ဒဏ်ကြေးအမြင့်ဆုံး ဘတ် ၄၀,၀၀၀ အထိဖြင့် တင်းကျပ်စွာ စတင်အရေးယူမည်

ထိုင်းနိုင်ငံတွင် ယာဉ်စည်းကမ်းအဓိက ၁၀ ချက်ကို ဖောက်ဖျက်ကျူးလွန်သူများအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဥပဒေအရ တင်းကျပ်စွာ ဒဏ်ရိုက်အရေးယူတော့မည်ဖြစ်ကြောင်း...

ထိုင်းနိုင်ငံတွင် ယာဉ်စည်းကမ်းအဓိက ၁၀ ချက်ကို ဖောက်ဖျက်ကျူးလွန်သူများအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဥပဒေအရ တင်းကျပ်စွာ ဒဏ်ရိုက်အရေးယူတော့မည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။ အဆိုပါစည်းကမ်းချက်များတွင် အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ မီးနီဖြတ်ခြင်း၊ လူကူးမျဉ်းကြားတွင် မရပ်ပေးခြင်းနှင့် ဖုန်းအသုံးပြုခြင်းတို့အတွက် အမြင့်ဆုံးဒဏ်ငွေ ဘတ် ၄,၀၀၀ စီ သတ်မှတ်ထားပြီး၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်းနှင့် ထိုင်ခုံခါးပတ်မပတ်ခြင်းတို့အတွက် အမြင့်ဆုံး ဘတ် ၂,၀၀၀ စီ ဒဏ်ရိုက်မည်ဖြစ်သည်။ ထို့ပြင် ယာဉ်မောင်းလိုင်စင်မပါရှိပါက ဘတ် ၁,၀၀၀ (သို့မဟုတ်) ထောင်ဒဏ် ၁ လအထိ ချမှတ်နိုင်ကာ၊ အထူးသဖြင့် မူးယစ်သောက်စားမောင်းနှင်ခြင်းနှင့် ဘေးအန္တရာယ်ဖြစ်စေမည့် မဆင်မခြင်မောင်းနှင်မှုများအတွက် ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၂၀,၀၀၀ အထိအပြင် ထောင်ဒဏ် ၁ နှစ်အထိပါ အရေးယူခံရမည်ဖြစ်ပြီး မူးယစ်မောင်းနှင်သူများကို သတိပေးခြင်းမရှိဘဲ ချက်ချင်းဖမ်းဆီးသွားမည်ဖြစ်သည်။ ဇန်နဝါရီလမှစ၍ PTM စနစ်ဖြင့် ဖောက်ဖျက်မှုပေါင်း ၂ သိန်းနီးပါးကို သတိပေးထားပြီးဖြစ်သောကြောင့် ယခု ဧပြီလမှစတင်သည့် တင်းကျပ်သောဥပဒေများကို တိကျစွာလိုက်နာကြရန် အစိုးရက တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

20