back

အိန္ဒိယရူပီး သန်းပေါင်း ၂၀ ကျော်တန်ဖိုးရှိ ငလျင်အပြီး အဆောက်အအုံများစစ်ဆေးရန် အသုံးပြုမည့်ကိရိယာများ မြန်မာကို အိန္ဒိယက ထောက်ပံ့

Mar 31 • 8:14 AM

breaking-news

Myanmar

International

cover

အိန္ဒိယရူပီး သန်းပေါင်း ၂၀ ကျော်တန်ဖိုးရှိ ငလျင်အပြီး အဆောက်အအုံများစစ်ဆေးရန် အသုံးပြုမည့်ကိရိယာများ မြန်မာကို အိန္ဒိယက ထောက်ပံ့

အိန္ဒိယသမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် (Federation of Myanmar Engineering Societies) သို့ ငလျင်အပြီး အဆောက်အအုံများ၏ ခိုင်ခံ့မှုကို စစ်ဆ...

အိန္ဒိယသမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် (Federation of Myanmar Engineering Societies) သို့ ငလျင်အပြီး အဆောက်အအုံများ၏ ခိုင်ခံ့မှုကို စစ်ဆေးရာတွင် အသုံးပြုမည့် အဆင့်မြင့်စက်ကိရိယာ ၁၁ မျိုးကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ရန်ကုန်မြို့တွင် ကျင်းပသည့် အဆိုပါအခမ်းအနားတွင် မြန်မာငွေကျပ် သိန်းပေါင်းတစ်သောင်းကျော် (အိန္ဒိယရူပီး သန်း ၂၀ ကျော်) တန်ဖိုးရှိသည့် မြေကြီးထိုးဖောက်စစ်ဆေးရေး ရေဒါစက် (GPR)၊ Lidar စကန်နာပါသော Tablet များ၊ တိုင်းတာရေးစက် (Total Station) နှင့် ကွန်ကရစ်ခိုင်ခံ့မှုစမ်းသပ်ဟမ်မာ (Rebound Hammer) စသည့် ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဤလှူဒါန်းမှုသည် ၂၀၂၅ ခုနှစ် အင်အားပြင်းငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပြီး၊ ဘေးအန္တရာယ်မတိုင်မီနှင့် ဖြစ်ပွားပြီးနောက် အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို တိကျစွာ အကဲဖြတ်နိုင်ရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

news-view-count-icon

11