ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသည့် အသက် ၃၀ အရွယ် ဖင်လန်နိုင်ငံသား ကက်နက် (Kenneth) သည် မတ်လ ၃၀ ရက် နံနက်အစောပိုင်းက ၎င်း၏အခန်းအတွင်း အတူဘီယာသောက်ခဲ့သည့် အမျိုးသမီး ၂ ဦး၏ ခိုးယူမှုကို ခံခဲ့ရသည်။ ကက်နက်သည် ဟိုတယ်ဘားမှ ဝန်ထမ်းအမျိုးသမီး ၂ ဦးကို အခန်းသို့ခေါ်ယူကာ ဘီယာအတူသောက်နေစဉ် ရုတ်တရက် အိပ်ငိုက်လာပြီး အိပ်ပျော်သွားခဲ့ရာ၊ နံနက် ၂ နာရီတွင် ပြန်လည်နိုးလာချိန်၌ လက်ကိုင်အိတ်အတွင်းရှိ ဘတ် ၅,၀၀၀ နှင့် ဘတ် ၇ သိန်းတန် ရိုးလက်စ် (Rolex) နာရီတို့ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းက ပတ္တယားရဲစခန်းသို့ ငိုယိုကာ သွားရောက်တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဟိုတယ် CCTV မှတ်တမ်းများကို စစ်ဆေးကာ တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
ပတ္တယားတွင် မိန်းကလေး ၂ ဦးအား ဟိုတယ်ခန်းထဲ ဘီယာခေါ်တိုက်သည့် ဖင်လန်နိုင်ငံသား ဘတ် ၅ ထောင် နှင့် ဘတ် ၇ သိန်း တန် ရိုးလက်စ်နာရီ ပါသွား
Mar 31 • 8:16 AM
Thailand
Local News
Share
| 12 | 0 | 0 | 0 |


