အင်္ဂလန်ဝါရင့်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းရား (၃၃ နှစ်) သည် မိခင်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်သည်။ လက်ရှိရာသီကုန်တွင် စာချုပ်သက်တမ်းပြည့်တော့မည့် မက်ဂွိုင်းရားကို ပရီးမီးယားလိဂ်ကလပ်အချို့က စိတ်ဝင်စားနေသော်လည်း ၎င်းက အသင်းတွင်သာ ဆက်ရှိနေရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။ အသင်းဘက်မှ ၂၀၂၇ ခုနှစ်အထိ တစ်နှစ်စာချုပ်အပြင် နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်သည့် အစီအစဉ်ဖြင့် ကမ်းလှမ်းထားသည်။ မက်ဂွိုင်းရားသည် နည်းပြ မိုက်ကယ်ကာရစ် လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိနေသလို၊ အင်္ဂလန်လက်ရွေးစင်အသင်းတွင်လည်း နည်းပြ တူဟယ်လ် လက်ထက်၌ ပြန်လည်ရွေးချယ်ခံထားရသည်။ထို့ပြင် မန်ယူနိုက်တက်သည် အနာဂတ်ကြယ်ပွင့် ကွင်းလယ်လူ ကိုဘီမိန်နူး (၂၀ နှစ်) ကိုလည်း ရေရှည်စီမံကိန်းအဖြစ် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးလျက်ရှိသည်။ မိန်နူး၏ လက်ရှိစာချုပ်မှာ ၂၀၂၇ ခုနှစ်အထိ ကျန်ရှိနေသေးသော်လည်း အသင်းက ၎င်း၏ခြေစွမ်းနှင့် အခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့် ကာလရှည်စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Mar 31 • 8:13 AM
Myanmar
International
Share
| 12 | 0 | 0 | 0 |


