တရုတ်တွင် EV ကားများ ရောင်းအားနှေးကွေးလာသဖြင့် အမြတ်ငွေကျဆင်းခဲ့ကြောင်း BYD ကုမ္ပဏီ ထုတ်ပြန်ခဲ့ပါတယ်။တရုတ်၏ ပြည်တွင်း EV ကားစျေးကွက် ပြိုင်ဆိုင်မှုပြင်းထန်နေသဖြင့် EV ကားစျေးနှုန်းများ ကျဆင်းလာကြောင်း The New York Times သတင်းတွင် ဖော်ပြခဲ့သည်။ပြည်တွင်းစျေးကွက်တွင် EV ကားများ ရောင်းအားနှေးကွေးလာသဖြင့် အမြတ်ငွေကျဆင်းလာကြောင်း BYD ကုမ္ပဏီကလည်း ထုတ်ပြန်ခဲ့သည်။ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်သူဖြစ်သည့် BYD ကုမ္ပဏီသည် မျှော်မှန်းထားသလောက် အမြတ်ငွေမရရှိခဲ့ဘဲ စိတ်ပျက်ဖွယ်ဝင်ငွေအခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် တရုတ် EV စျေးကွက်တွင် ရှေ့လျှောက် ပိုမိုခက်ခဲသော အခြေအနေများ ရှိလာနိုင်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဝမ်ချွမ်းဖူက သတိပေးခဲ့သည်။
ကမ္ဘာတစ်ဝန်း ရေနံစျေးနှုန်းများကို မြင့်တက်စေခဲ့သည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား စစ်ပွဲမဖြစ်ပွားမီအချိန်ကတည်းက အာရှတစ်လွှားတွင် EV ကားများ အသုံးပြုမှုနှုန်းမှာ မြင့်တက်နေခဲ့ပြီး ဖြစ်သည်။



