ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သော ခွန်ခမာ (Kun Khmer) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဝေစာဖိုက်တာများဖြစ်ကြသော ရာမာဉ်၊ အောင်ကောင်းကျော်နှင့် ငြိမ်းချမ်းအေး တို့ သုံးဦးစလုံး ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ရသည်။ မတ်လ ၂၉ ရက်က ကျင်းပသည့် Mas Cambodia Masfight ပြိုင်ပွဲတွင် ရာမာဉ်သည် အိမ်ရှင်ဖိုက်တာ လန်းလီနှင့် ၇၅ ကီလိုတန်းတွင် ၃ ချီယှဉ်ပြိုင်ခဲ့ရာ၊ ဒုတိယအချီတွင် ပတ်ပြေးမှုကြောင့် ဒိုင်သတိပေးခြင်းခံခဲ့ရပြီး ပွဲအပြီးတွင် အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် အောင်ကောင်းကျော်သည် ပထမအချီ၌ပင် ဒိုင်ပွဲရပ် (TKO) ဖြင့်လည်းကောင်း၊ ငြိမ်းချမ်းအေးသည် ဒုတိယအချီတွင် ဒိုင်ပွဲရပ် (TKO) ဖြင့်လည်းကောင်း အသီးသီး ရှုံးနိမ့်ခဲ့ကြောင်း သိရှိရပါသည်။
Mar 31 • 8:08 AM
Cambodia
Local News
Share
| 9 | 0 | 0 | 0 |


