back

၂၀၂၆ ခုနှစ် မဟာသင်္ကြန်ရက်များအတွင်း ရန်ကုန်မြို့၌ ရေပေးဝေမည့် အချိန်များ ထုတ်ပြန်

Mar 31 • 7:25 AM

breaking-news

Myanmar

Local

breaking-news
cover

၂၀၂၆ ခုနှစ် မဟာသင်္ကြန်ရက်များအတွင်း ရန်ကုန်မြို့၌ ရေပေးဝေမည့် အချိန်များ ထုတ်ပြန်

၂၀၂၆ ခုနှစ် မဟာသင်္ကြန်ရက်များအတွင်း ပြည်သူများ ရေပြတ်လပ်မှုမရှိစေရန် စီစဉ်ထားပြီး ဧပြီလ (၁၃) ရက် (သင်္ကြန်အကြိုနေ့)၊ ဧပြီလ (၁၄) ရက် (သင်္ကြန်အကျနေ့)၊ ဧပြီလ (၁၅...

၂၀၂၆ ခုနှစ် မဟာသင်္ကြန်ရက်များအတွင်း ပြည်သူများ ရေပြတ်လပ်မှုမရှိစေရန် စီစဉ်ထားပြီး ဧပြီလ (၁၃) ရက် (သင်္ကြန်အကြိုနေ့)၊ ဧပြီလ (၁၄) ရက် (သင်္ကြန်အကျနေ့)၊ ဧပြီလ (၁၅) ရက် (သင်္ကြန်အကြတ်နေ့)၊ ဧပြီလ (၁၆) ရက် (သင်္ကြန်အတက်နေ့) တို့တွင် ရန်ကုန်မြို့၌ ရေပေးဝေမည့် အချိန်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှ ထုတ်ပြန်ထားပါတယ်။အဆိုပါ အစီအစဉ်အရ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနှင့် ဒဂုံမြို့နယ်များသို့ နံနက် ၈ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီအထိ တစ်ကြိမ်၊ နှစ်ကြိမ်ခွဲ၍ ရေပေးဝေမှာဖြစ်တယ်လို့ သိရပါတယ်။ အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်တို့အား နံနက် ၈ နာရီမှ ၁၀ နာရီအထိ ရေပေးဝေသွားမှာဖြစ်သလို တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်များသို့ မူလရေပေးဝေချိန်အတိုင်း ပေးဝေသွားမယ်လို့ သိရပါတယ်။

ဧပြီလ (၁၇) ရက် (နှစ်ဆန်းတစ်ရက်နေ့)တွင် မြို့နယ်များအားလုံးသို့ ယခင်ပုံမှန်ရေပေးဝေချိန်အတိုင်း ပြန်လည်ပေးဝေမှာဖြစ်ပြီး သတ်မှတ်ရေပေးချိန်အတွင်း ရေပိုက်များ အရေးပေါ် ပြင်ဆင်ရန်လိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ချထားသည့် (ရေ/သန့်) ဝန်ထမ်းများထံ အကူအညီတောင်းခံနိုင်ပြီး အရေးတကြီး အကူအညီလိုအပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)သို့ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

news-view-count-icon

27