မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) က Revenue တိုးတက်စေရေးနှင့် network များကို ပိုမိုတိုးချဲ့နိုင်ရန် Maxamation ၏ Aviator Revenue Management System ကို အသုံးပြုကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ဦးဆောင်လေကြောင်းလိုင်းဖြစ်သော မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း MAI သည် ၎င်းတို့၏ မဟာဗျူဟာဆိုင်ရာ Revenue တိုးတက်စေရေးနှင့် network များကို ပိုမိုတိုးချဲ့နိုင်ရန်အတွက် Maxamation မှ Aviator Revenue Management System ကို ရွေးချယ်အသုံးပြုခဲ့ကြောင်း သိရသည်။ခေတ်မီ Airbus၊ Embraer နှင့် ATR လေယာဉ်များဖြင့် ဖွဲ့စည်းထားသည့် လေကြောင်းလုပ်ငန်းကို ပိုမိုတိုးတက် လည်ပတ်လျက်ရှိသည့် MAI သည် မြန်မာနိုင်ငံမှ အရှေ့တောင်အာရှ အဓိကနေရာများသို့သာမက ဒူဘိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယားအပါအဝင် ခရီးရှည်များနှင့် နိုင်ငံတွင်း ဒေသများသို့ ချိတ်ဆက်ပျံသန်းလျက်ရှိကြောင်း သိရသည်။
Revenue Management နည်းစနစ်များ အများအပြားကို အသေးစိတ် အကဲဖြတ်လေ့လာပြီးနောက် MAI သည် အဆင့်မြင့် Optimization စွမ်းဆောင်ရည်၊ ယခင်အောင်မြင်မှုများစွာရရှိထားသည်ကို သက်သေပြထားသော လုပ်ဆောင်မှုစွမ်းရည်နှင့် ရှုပ်ထွေးများပြားလှသည့် လေကြောင်းလိုင်းကွန်ယက်များအတွင်း Data-based များကို မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်မှုနှင့် ပံ့ပိုးပေးနိုင်စွမ်းတို့ကြောင့် Aviator ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ယခုအခါ Aviator စနစ်ကို MAI ၏ အပြည်ပြည်ဆိုင်ရာ လေကြောင်းလုပ်ငန်းတွင် အောင်မြင်စွာ စတင်အသုံးပြုနိုင်ခဲ့ပြီး ဝင်ငွေစီးဆင်းမှုစနစ် အကောင်းဆုံးဖြစ်စေရန် စီမံနိုင်ခြင်းနှင့်အတူ လေကြောင်းလိုင်း၏ Revenue Management အဖွဲ့အား မြင်သာစွာ ထိန်းချုပ်နိုင်မှုနှင့် စီးပွားရေးမဟာဗျူဟာများအပေါ်ယုံကြည်မှု ပိုမိုတိုးမြှင့်ပေးနိုင်ခဲ့ကြောင်း MAI က ဆိုသည်။Maxamation အနေဖြင့်လည်း MAI နှင့် ရေရှည်တည်တံ့သော မိတ်ဖက်ပူးပေါင်းမှုကို ဆက်လက်တည်ဆောက်သွားရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။



