back

၂၀၂၆ ဧပြီလမှစတင်၍ လျှပ်စစ်သုံးယာဉ် (EV) များ လမ်းအသုံးပြုခ ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်

Mar 31 • 6:59 AM

breaking-news

Myanmar

Local

breaking-news
cover

၂၀၂၆ ဧပြီလမှစတင်၍ လျှပ်စစ်သုံးယာဉ် (EV) များ လမ်းအသုံးပြုခ ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှု မြှင့်တင်ရန်အတွက် ပေးအပ်ထားသည့် လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ကာလသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးတ...

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှု မြှင့်တင်ရန်အတွက် ပေးအပ်ထားသည့် လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ကာလသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးတော့မည်ဖြစ်သဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လျှပ်စစ်သုံးယာဉ် (EV) အားလုံး လမ်းအသုံးပြုခ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။လမ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လျှပ်စစ်သုံးယာဉ်များ၊ ယာဉ်အပိုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပေါ် လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ပြုထားသည့် အစီအစဉ်မှာ သတ်မှတ်ကာလ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စတင်သည့် ဧပြီလ ၁ ရက်နေ့မှစ၍ အောက်ပါအတိုင်း ကောက်ခံသွားမည်ဖြစ်သည် -

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး: သတ်မှတ်ထားသော အမြန်လမ်းအသုံးပြုခ နှုန်းထားများအတိုင်း ပေးဆောင်ရမည်။အခြားလမ်းပိုင်းများ: လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသည့် အခြားလမ်းပိုင်းများတွင် ဖြတ်သန်းပါက သတ်မှတ်ထားသော ယာဉ်အမျိုးအစား (၂၂) မျိုးအလိုက် အကျုံးဝင်သည့် နှုန်းထားများအတိုင်း ပေးဆောင်ရမည်။အဆိုပါ အသိပေးချက်ကို အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ က တရားဝင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ EV အသုံးပြုသူများအနေဖြင့် လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ ခရီးစဉ်များ သွားလာရာတွင် လမ်းအသုံးပြုခများ ကြိုတင်ထည့်သွင်း တွက်ချက်ထားရန် လိုအပ်မည် ဖြစ်သည်။

news-view-count-icon

30