အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ဒေါ်လာဘီလျံပေါင်းများစွာ ကုန်ကျမည်ဟု ခန့်မှန်းရသည့် အမေရိကန်ပြည်ထောင်စု၏ အီရန်စစ်ပွဲကုန်ကျစရိတ်ကို အာရပ်နိုင်ငံများထံမှ တောင်းသွားမည်ဟု ယူဆကြောင်း အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုသည်။ ၁၉၉၀ ပြည့်နှစ် ပင်လယ်ကွေ့စစ်ပွဲတွင် ဝါရှင်တန် ဝင်ပါခဲ့ရမှုအတွက် အမေရိကန်မဟာမိတ်များက ငွေကြေးထောက်ပံ့ပေးခဲ့သလိုမျိုး လက်ရှိစစ်ပွဲအတွက် အာရပ်နိုင်ငံများက ငွေပေးချေသင့် မသင့် ထရမ့်ပ်၏ ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်ကို မေးမြန်းခဲ့သည်။



