အရေးကြီးသောအရပ်ဘက်ဆိုင်ရာ အဆောက်အအုံများကို အီရန်က တိုက်ခိုက်ခြင်းသည် အန္တရာယ် ကြီးမားပြီး ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ဆော်ဒီအာရေဗျ၊ ကာတာ နှင့် ဂျော်ဒန် နိုင်ငံခေါင်း ဆောင်များက သတိပေးလိုက်ကြောင်း TRTworld သတင်းတွင်ဖော်ပြခဲ့သည်။ယင်းသတိပေးချက်ကို ဆော်ဒီနိုင်ငံ အနောက်ပိုင်းရှိ ဂျက်ဒါမြို့တွင် တနင်္လာနေ့က ဆော်ဒီအာရေဗျ၏ မင်းသားအုပ်ချုပ်ရေးမှူး မိုဟာမက် ဘင် ဆယ်လ်မန်၊ ကာတာ၏ စော်ဘွား အီမာ ရှိတ်တမမ်ဘင်ဟာမဒ် အယ်လ် သာနီ နှင့် ဂျော်ဒန်၏ ဘုရင် အဗ္ဗဒူလာ(II) တို့အကြား တနင်္လာနေ့က ကျင်းပသည့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲ တွင် သတိပေးခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးတွင် လက်ရှိ ဒေသအတွင်း ဖြစ်ပေါ်နေသော တင်းမာမှုများကို ဆွေးနွေးခဲ့ကြသည်။ဆော်ဒီနိုင်ငံပိုင် သတင်းဌာန SPA ၏ အဆိုအရ ခေါင်းဆောင်များသည် “ဒေသအတွင်း နောက်ဆုံး ဖြစ်ပေါ်နေသော အခြေအနေများ၊ ဒေသတွင်း စစ်ရေး တိုးမြင့်လာမှု၏ ဂယက်ရိုက်ခတ်မှုများ၊ နိုင်ငံတကာ ရေကြောင်းသွားလာမှုဆိုင်ရာ လွတ်လပ်စွာ သွားလာခွင့်နှင့် စွမ်းအင်ထောက်ပံ့မှု လုံခြုံရေးနှင့် ကမ္ဘာ့စီးပွား ရေးအပေါ် သက်ရောက်မှုများ" ကို” ကို ပြန်လည်သုံးသပ်ခဲ့ကြသည်။အီရန်က ပင်လယ်ကွေ့နိုင်ငံများနှင့် ဂျော်ဒန်တို့ကို တိုက်ခိုက်မှုများနှင့် အရေးပါသော အရပ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် “ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် အန္တရာယ်တိုးမြင့်လာမှုဖြစ်ကြောင်း ” ၎င်းတို့က သတိပေးထားသည်။



