မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ ဆယ့်နှစ်ပွဲဈေးသည်တွေရဲ့စုပေါင်းဈေးရောင်းပွဲတော် ကျင်းပနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဈေးပွဲတော်ကို ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ ရှေးဟောင်း သမိုင်း ဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ရာနှုန်းပြည့်ကပ်လှူပူဇော်ပြီးစီးမှု အထိမ်း အမှတ်အဖြစ် ကျင်းပတာပါ။ပွဲတော်ကို မတ်လ ၂၇ ရက်ကနေ ဧပြီလ ၇ ရက်အထိ ကျင်းပသွားမှာပြီး ပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်း ပေါင်း (၃၀၀)ခန့် ပါဝင်ရောင်းချကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဈေးဆိုင်ခန်းတွေထဲမှာ အညာဒေသထွက် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ၊ အဝတ်အထည်ဒီဇိုင်း မျိုးစုံ၊ ကလေးကစားစရာပစ္စည်းမျိုးစုံ၊ တောင်သူ လယ်သမားသုံးပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းအရောင်းဆိုင် တွေနဲ့ မုန့်ဆိုင်တန်းတွေ ပါဝင်ပါတယ်။ကလေးကစားကွင်း၊ ပင်လယ်ဓားပြ၊ အပျော်စီးလှေတွေ အပါအဝင် အခြားပျော်ရွှင်ဖွယ်ရာ အစီအစဉ် များစွာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြန်မာ့ရိုးရာခြင်းလုံးအလှခတ် စွမ်းရည်ပြပွဲ ကျင်းပ နေပြီး မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁ ရက် အထိ မန္တလေးအားမာန်သစ်ဇာတ်အဖွဲ့နဲ့ ဧပြီလ ၅ ရက်ကနေ ၇ ရက်အထိ မန္တလေးကောင်းစစ်ဟိန်းဇာတ်အဖွဲ့ တို့က ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ဧပြီလ ၁ ရက်မှာတော့ ဘုရား အနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်နဲ့ သံဃာ တော် (၁၀၈)ပါးကို ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပသွားမှာဖြစ် တယ်လို့ သိရပါတယ်။
Mar 31 • 6:32 AM
Myanmar
Magway
Share
| 23 | 0 | 0 | 0 |


