back

ပြည်တွင်းဖုန်းSIM Card မှတ်ပုံတင်ထားပါက ပိတ်သိမ်းခြင်းမခံရဟုဆိုကာE SIMအလောတကြီးပြောင်းစရာမလိုဟုပြော

Mar 31 • 6:30 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်းဖုန်းSIM Card မှတ်ပုံတင်ထားပါက ပိတ်သိမ်းခြင်းမခံရဟုဆိုကာE SIMအလောတကြီးပြောင်းစရာမလိုဟုပြော

မိမိအသုံးပြုနေတဲ့ဖုန်းSIM Cardတွေ မှတ်ပုံတင်ထားတာ၊ ဖုန်းဟမ်းဆက်တွေအခွန်ဆောင်ထားတာတွေဆောင်ရွက်ထားပါက ပိတ်သိမ်းခြင်းမခံရသလို စိုးရိမ်စရာလည်းမရှိဘူးလို့ နည်းပညာကျွ...

မိမိအသုံးပြုနေတဲ့ဖုန်းSIM Cardတွေ မှတ်ပုံတင်ထားတာ၊ ဖုန်းဟမ်းဆက်တွေအခွန်ဆောင်ထားတာတွေဆောင်ရွက်ထားပါက ပိတ်သိမ်းခြင်းမခံရသလို စိုးရိမ်စရာလည်းမရှိဘူးလို့ နည်းပညာကျွမ်းကျင်သူတွေထံမှသိရပါတယ်။လတ်တလောမှာ ဖုန်းအသုံးပြုတဲ့သူတွေအနေနဲ့ ဖုန်းကတ်နှစ်ကတ်အပြည့်ဝယ်ယူထည့်ထားတာ၊ E SIMနဲ့ ပြောင်းတာတွေ ဆောင်ရွက်လျက်ရှိနေပါတယ်။ နည်းပညာကျွမ်းကျင်သူတစ်ဦးက ‘’ ဖုန်းSIM Cardတွေက မိမိနာမည်နဲ့မှတ်ပုံတင်တာတွေဆောင်ရွက် ထားရမှာပေါ့။မှတ်ပုံမတင်ထားရင် အပိတ်ခံရနိုင်တဲ့အတွက် အခုချိန်မှာ မှတ်ပုံတင်ကြတာတွေဆောင်ရွက်ကြရမှာဖြစ်တယ်။ အချို့သူတွေကတော့ သူတို့ဖုန်းSIM Cardမှားပြီးတော့ အပိတ်ခံရမှာစိုးလို့E SIMပြောင်းကြတာပေါ့။ E SIMကျတော့ SIM Cardမလိုဘူးလေ။သုံးရစွဲရတာအဆင်ပြေတာပေါ့။ကိုယ်ပြောင်းချင်တဲ့အချိန်ပြောင်းလို့ရတာပေါ့။ အော်ပရေတာတွေက ပြောင်းပေးတယ်။ ဖုန်းSIM Cardတွေမှတ်ပုံတင်ထားရင် E SIMမပြောင်းလဲရပါတယ်။အဓိကက ကိုယ်သုံးနေတဲ့ ဖုန်းSIM Cardမှတ်ပုံတင်ထားဖို့ပဲလိုအပ်တာပါ။နောက်မှ ဖုန်း SIM Cardဝယ်တာ။E SIMပြောင်းတာတွေလည်း ဆောင်ရွက်လို့ ရပါသေးတယ် ”လို့ ပြောပြပါတယ်။ ဖုန်းဟမ်းဆက်တွေကို အခွန်ဆောင်ထားတာရှိမရှိ www.CEIR.gov.mmမှာ စစ်ဆေးနိုင်ပြီး အခွန်မဆောင်ထားပါက ပေးဆောင်ရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ဖုန်းဆိုင်တွေကဝယ်တဲ့ ဖုန်းတော်တော်များများကတော့ အခွန်ဆောင်ပြီးသားပါ။ အောက်လမ်းကဝင်လာတဲ့ဖုန်းတွေနဲ့ နိုင်ငံခြားက တိုက်ရိုက်ဝင်လာတဲ့ဖုန်းတွေကတော့ အခွန်ဆောင်ဖို့လိုအပ်နေသေးတယ်။ဒါကြောင့် ဖုန်းဆိုင်တွေက ဝယ်ထားတဲ့ဖုန်းတွေကတော့ စိတ်ချရတယ်”လို့ နည်းပညာကျွမ်းကျင်သူတစ်ဦးကရှင်းပြထားပါတယ်။

ဖုန်းSIM Cardတွေအသစ်လိုပါက နောက်ပိုင်းမှာလည်း အသစ်ထပ်ဝယ်နိုင်သလို E SIMလည်းအချိန်မရွေးပြောင်းနိုင်တာမို့ စိုးရိမ်မှု မလွန်ကဲရန်လိုအပ်တယ်လို့ သိရပါတယ်။


news-view-count-icon

31