ပြည်ပဝယ်လိုအားကြောင့် ဈေးအနည်းငယ် ငြိမ်နေသည့် ပြောင်းဈေးသည် မတ်လနောက်ဆုံးပတ်တွင် ရန်ကုန်ဈေးကွက်၌ အနည်းငယ် ပြန်လည်မြင့်တက်လာသည်။ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုအပြင် ဖီလစ်ပိုင်အပါအဝင် ပြည်ပဈေးကွက်သစ်များသို့ တိုးမြှင့်တင်ပို့ရန် ကြိုးပမ်းနေသဖြင့် ပြည်တွင်းဈေးနှင့် FOB ဈေးပါ လိုက်ပါမြင့်တက်လာခြင်း ဖြစ်သည်။ရန်ကုန်ဈေးကွက်တွင် ပြောင်းတစ်ပိဿာလျှင် ကျပ် ၁,၅၁၀/၁,၅၃၀ မှ ၁,၅၅၀/၁,၅၇၀ သို့ ဈေးပြောင်းသွားပြီး၊ မန္တလေးဈေးကွက်တွင် CP ပြောင်းသစ်မှာ တစ်တန်လျှင် ကျပ် ၈၅၀,၀၀၀ ကျော်မှ ၈၉၃,၀၀၀ ကျော်သို့ မြင့်တက်လာသည်။ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ပဲပုပ်သည်လည်း ပြည်တွင်းဝယ်လိုအားနှင့် သယ်ယူပို့ဆောင်စရိတ် မြင့်မားမှုကြောင့် ဈေးနှုန်းများ မြင့်တက်လာသည်။



