back

အင်္ဂလန်အသင်းလူစာရင်းက နုတ်ထွက်ခဲ့သူတွေကိုနည်းပြ တူဟယ်လ် ဒေါသမထွက်

Mar 31 • 2:06 AM

breaking-news

Myanmar

International

cover

အင်္ဂလန်အသင်းလူစာရင်းက နုတ်ထွက်ခဲ့သူတွေကိုနည်းပြ တူဟယ်လ် ဒေါသမထွက်

အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က မိမိအနေနဲ့ အသင်းလူစာရင်းက နုတ်ထွက်ခဲ့သူတွေကို ဒေါသမထွက်ကြောင်း ပြောခဲ့ပါတယ်။ယနေ့ကစားမယ့် ဂျပန်နဲ့ ခြေစမ်းပွဲမတိုင်ခင် ပွဲက...

အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က မိမိအနေနဲ့ အသင်းလူစာရင်းက နုတ်ထွက်ခဲ့သူတွေကို ဒေါသမထွက်ကြောင်း ပြောခဲ့ပါတယ်။ယနေ့ကစားမယ့် ဂျပန်နဲ့ ခြေစမ်းပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တူဟယ်လ်က အခုလို ပြောခဲ့တာဖြစ်တယ်။ဂျပန်နဲ့ပွဲမတိုင်ခင် အင်္ဂလန်အသင်းလူစာရင်းကနေ ကစားသမား ရှစ်ဦးအထိ မိခင်ကလပ်တွေထံ ပြန်သွားခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းက မာဒူအေကေ၊ ဒက်ကလန်ရိုက်စ်၊ ဆာကာစတဲ့ ကစားသမား သုံးဦးအထိ ပါဝင်ပြီး ကျန်ငါးဦးကတော့ မန်စီးတီးက

ဂျွန်စတုန်းစ်၊ ခရစ္စတယ်ပဲလေ့စ်က ဝေါ်တန်၊ လိဒ်စ်က ကယ်လ်ဗတ်လူဝင်၊ အေစီမီလန်က တိုမိုရီ၊ နယူးကာဆယ်က ရမ်းစ်ဒေးလ်တို့ဖြစ်ပါတယ်။အခုနိုင်ငံတကာရက်သတ္တပတ်ဟာ အင်္ဂလန်အသင်းအဖို့ မေလ ၃၀ ရက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လူစာရင်း မထုတ်ပြန်ခင်နောက်ဆုံးပြင်ဆင်မှုလည်း ဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမဝင်ခင် ဇွန်လအတွင်း နယူးဇီလန်၊ ကော်စတာရီကာအသင်းတွေနဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားပါတယ်။


news-view-count-icon

17