back

နေပြည်တော်တွင် ငွေကုန်ကြေးကျသက်သာအောင် လုပ်ဆောင်ရင်း ကောက်ညှင်းပေါင်း၊ ပဲ‌ပေါင်းစျေးသည်များ ပိုမိုအလုပ်ဖြစ်လာ

Mar 31 • 1:58 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်တွင် ငွေကုန်ကြေးကျသက်သာအောင် လုပ်ဆောင်ရင်း ကောက်ညှင်းပေါင်း၊ ပဲ‌ပေါင်းစျေးသည်များ ပိုမိုအလုပ်ဖြစ်လာ

နေပြည်တော်ဒေသရှိမြို့ပေါ်ရပ်ကွက်များတွင် ခေတ်ကာလအရ ကုန်စျေးနှုန်းများကြီးမြင့်မှုမကြောင့် နံနက်အစောစာများ အတွက် ငွေကုန်ကြေးကျသက်သာရန် ကြိုးပမ်းလုပ်ဆောင်သူများလာ...

နေပြည်တော်ဒေသရှိမြို့ပေါ်ရပ်ကွက်များတွင် ခေတ်ကာလအရ ကုန်စျေးနှုန်းများကြီးမြင့်မှုမကြောင့် နံနက်အစောစာများ အတွက် ငွေကုန်ကြေးကျသက်သာရန် ကြိုးပမ်းလုပ်ဆောင်သူများလာရာမှ ကောက်ညှင်းပေါင်း၊ ပဲ‌ပေါင်းစျေးသည်များမှာ အရောင်းအဝယ်ကောင်းလာပြီး ပိုမိုအလုပ်ဖြစ်လာကြောင်း သိရသည်။အဆိုပါစျေးသည်များမှာ ယခင်လို ရပ်ရွာအတွင်းလှည့်လည်ရောင်းချစရာမလိုတော့ဘဲ လမ်းထိပ်လမ်းဆုံနေရာများတွင် အထိုင်ချ၍ ရောင်းချခြင်းများဖြင့်လုပ်ဆောင်လာသလို တွင်ကျယ်စွာရောင်းချလာရခြင်းလည်းဖြစ်သည်။ယခုအချိန်တွင် အရာရာစျေးနှုန်းများကြီးမြင့်နေသည့်အတွက် ယခင်က နံနက်အစောစာအတွက် အကြော်မှာ တစ်ခု ၂၅၀ သာ ကျသင့်ပြီး ၁၀၀၀ ဖိုး လေးခုရသော်လည်း ယခုအခါ စမူဆာ(အသေး) တစ်ခု ၃၀၀ ကျပ်၊ လက်ဖက်ရည်ပါဆယ် ၂,၅၀၀-၃,၀၀၀ ကျပ်ကြား၊ အီကြာကွေး တစ်ချောင်း ၇၀၀ ကျပ် စသည်ဖြင့် ကျသင့်လာလျက်ရှိကြောင်း သိရသည်။

news-view-count-icon

10