ထိုင်းနိုင်ငံတွင် ဧပြီလဆန်း၌ အပူညွှန်းကိန်း (Heat Index) သည် အန္တရာယ်ရှိသော အဆင့် ၆၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာနိုင်ကြောင်း ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။ အပူညွှန်းကိန်းသည် လေထုအပူချိန်နှင့် စိုထိုင်းဆကို ပေါင်းစပ်တွက်ချက်ထားခြင်းဖြစ်ပြီး ပတ်ဝန်းကျင်အပူချိန်ထက် ခန္ဓာကိုယ်က အမှန်တကယ်ခံစားရသည့် အပူရှိန်ကို ဖော်ပြခြင်းဖြစ်သည်။ စိုထိုင်းဆမြင့်မားခြင်းက အပူဒဏ်ကြောင့်ဖြစ်သော ဖိစီးမှုကို သိသိသာသာ ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း ဖော်ပြသည်။ အပူညွှန်းကိန်း မြင့်မားခြင်းသည် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါရှိသူမျာ်နှင့်အဝလွန်သူများ၊ အပြင်ဘက်တွင် အလုပ်လုပ်သူများ၊ စိတ်ကျန်းမာရေးလူနာများနှင့် အရက်စွဲနေသူများကဲ့သို့ ထိခိုက်လွယ်သောအုပ်စုများအတွက် အထူးအန္တရာယ်ရှိကြောင်း ဒီဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ (DES) ဝန်ကြီးဌာနက ယနေ့(မတ်လ ၃ဝ )တွင် သတိပေးထားသည်။မိုးလေဝသခန့်မှန်းချက်များနှင့် အပူညွှန်းကိန်းသတင်းများကို ဂရုပြုရန်နှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအတွင်း ပြင်ပလှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။ တစ်နေ့တာလုံး ရေဖန်ခွက်ရှစ်ခွက်ခန့် သောက်သုံးသင့်ပြီး ရေငတ်သည့်တိုင်အောင် စောင့်မနေသင့်ကြောင်း သတိပေးထားသည်။ 
Mar 31 • 1:48 AM
Thailand
Local News
Share
| 21 | 0 | 0 | 0 |


