တနင်္သာရီမြို့နယ်၊ သိန္ဓောရွာတွင် အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ပုဆိန်ဖြင့် ခုတ်သတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် သိန္ဓောရွာ ခဲမိုင်းတွင် ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦး ပုဆိန်ဖြင့် ခုတ်ထားသော ဒဏ်ရာဖြင့် ဆိုင်အတွင်း သေဆုံးနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။သေဆုံးနေသည့် အမျိုးသမီးသည် အသက် ၂၀ ဝန်းကျင်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ရွာတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ပြောသည်။“မိုင်းမှာ လူသတ်မှုဖြစ်တယ်။ ကျောင်းပိတ်လို့ ဈေးသွားရောင်းနေတာ။ ကပ်ပ (ပုဆိန်တို) နဲ့ ခုတ်ခံထားရတယ်။ ဆိုင်မှာ ကြေးပြား (ပိုက်ဆံ) လာခိုးလို့ အော်လိုက်လို့ သတ်ခံရတာလို့လည်း ပြောနေကြတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး တရားခံဟု ယူဆရသူတစ်ဦးကို ဖမ်းမိထားကာ အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးနေဆဲဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ယာယီတာဝန်ခံက ဆိုသည်။
Mar 31 • 1:47 AM
Myanmar
Tanintharyi
Share
| 9 | 0 | 0 | 0 |


