မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်မှာ ဗဟိုမဏ္ဍပ်မုခ်ဦးပုံဒီဇိုင်းကို ပုဂံအငွေ့အသက်ပုံ ဒီဇိုင်းရေးဆွဲ တည်ဆောက်မှာဖြစ်ပြီး စတုဒိသာကျွေးမွေးတာ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ သင်္ကြန်ယိမ်းအဖွဲ့တွေက ကပြဖျော်ဖြေတာ၊ လမ်းလျှောက်သင်္ကြန်ပွဲတော်မှာ ပုဂံထီး၊ ပုသိမ်ထီးတို့နဲ့ အလှဆင်ပြသထားတာတွေ ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ဆင်နွှဲသူတွေအနေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အငွေ့အသက်တွေ ခံစားနိုင်စေဖို့အတွက် ဆပ်ကော်မတီတွေပါဝင်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦး ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမမှာ မတ် ၃၀ ရက်က ကျင်းပခဲ့တယ်လို့ သိရပါ တယ်။
Mar 31 • 1:22 AM
Myanmar
Mandalay
Share
| 14 | 0 | 0 | 0 |


