ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ရှိ ကမ်းနားလမ်းမှာ သင်္ကြန်ပွဲတော် ကျင်းပမှာဖြစ်ပြီး အခုနှစ်မှာ သနပ်ခါး သင်္ကြန်မဏ္ဍပ်ကိုပါ ထည့်သွင်းကျင်းပမှာ ဖြစ်တယ်လို့ ဧရာတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။
ဒီနှစ် မဟာသင်္ကြန်ပွဲတော်ကို နှစ်စဉ်ကျင်းပလာတာထက် ထူးခြားလေးနက်ပြီး စည်းကားသိုက်မြိုက်တဲ့ သင်္ကြန် ပွဲတော်အဖြစ် ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရှုခင်းသာရင်ပြင်မှာ ဆောက်လုပ်မဲ့ ဧရာဝတီတိုင်းဒေသကြီး(ဗဟို)သင်္ကြန်မဏ္ဍပ်မှာ ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နဲ့ စတုဒိသာမဏ္ဍပ်တွေ ပါဝင်မှာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးရဲ့ အမှတ် သင်္ကေတဖြစ်တဲ့ ပုသိမ်ထီးတွေနဲ့ ပြင်ဆင်မွမ်းမံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအနေနဲ့ လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟို မဏ္ဍပ်နဲ့ တခြားမဏ္ဍပ်တွေကို ပုသိမ်မြို ကမ်းနားလမ်းမှာ တစ်စုတည်းကျင်းပသွားမှာ ဖြစ်ပြီ ဆိုလာစနစ်နဲ့ ရေရှိ ရေးကိုလည်း စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။


