back

ဧရာဝတီတိုင်း၊ဟင်္သာတမြို့ရှိ ခိုလှုံရာ ခိုကိုးရာမဲ့ဘိုးဘွားရိပ်သာမှာ ဆန်အရေးပေါ် လိုအပ်နေ

Mar 31 • 1:21 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၊ဟင်္သာတမြို့ရှိ ခိုလှုံရာ ခိုကိုးရာမဲ့ဘိုးဘွားရိပ်သာမှာ ဆန်အရေးပေါ် လိုအပ်နေ

ဧရာဝတီတိုင်း၊ဟင်္သာတမြို့ရှိ အဘိုးအဘွား၊ ကလေးသူငယ်နဲ့ စိတ်မကျန်းမာသူဝေဒနာရှင်တွေ စုစုပေါင်း ၁၁၀ ကို ကျွေးမွေး၊ စောင့်ရှောက်ထားတဲ့ ခိုလှုံရာ ခိုကိုးရာမဲ့ဘိုးဘွာ...

ဧရာဝတီတိုင်း၊ဟင်္သာတမြို့ရှိ အဘိုးအဘွား၊ ကလေးသူငယ်နဲ့ စိတ်မကျန်းမာသူဝေဒနာရှင်တွေ စုစုပေါင်း ၁၁၀ ကို ကျွေးမွေး၊ စောင့်ရှောက်ထားတဲ့ ခိုလှုံရာ ခိုကိုးရာမဲ့ဘိုးဘွားရိပ်သာမှာ ဆန်အရေးပေါ် လိုအပ်ချက် ရှိနေပါတယ်။လက်ရှိမှာ ဆန်တတိုင်ကီ(သုံးအိတ်ခွဲ)သာ ရှိတော့တယ်လို့ ရိပ်သာတာဝန်ရှိသူ တဦးက ပြောပါတယ်။၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အဲဒီရိပ်သာမှာ ခိုကိုးရာမဲ့ အရွယ်စုံဘိုးဘွား ၁၀၀ ဦးနဲ့ ကလေးငယ် ဆယ်ဦး ရှိပါတယ်။ သူတို့အတွက် ပုံမှန်ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် ဆေးပဒေသာပင် လုပ်ထားပြီး အဲဒီကနေ သုံးစွဲကာ ဆန်အလှူရှင်တွေ နည်းပါးလာတဲ့အတွက် ဆန်လိုအပ်ချက်ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။“အဘိုးအဖွားတွေကတော့ ထမင်းသိပ်မစားနိုင်ကြပေမဲ့၊ စိတ်မကျန်းမာသူတွေကတော့ ထမင်းတော်တော်လေး ‌စားနိုင်ကြပါတယ်...ဒါကြောင့် ပုံ့ ရိပ်သာလေးဟာ ဆန် နှစ်အိတ်ကို သုံးရက်သာ စားရပါတယ်ရှင်... ပုံ့က တနေ့ တာ အာဟာရ အလှူရှင် မရှိရင် အဖိုးအဖွားတွေ ငတ်မှာ အရမ်းကြောက်တဲ့အတွက် လူတိုင်းလှူနိုင်တဲ့ နှုန်းထား ဖြစ်အောင် တနေ့တာ အာဟာရကို ဆန်ဖိုးမပါပဲ ဟင်းဖိုးချည်းပဲ အလှူခံပါတယ်ရှင်” လို့ မပို့က ဆိုပါတယ်။ခိုလှုံရာ ဘိုးဘွားရိပ်သာဟာ တည်ထောင်သူတွေရဲ့ လုပ်အားတွေ၊ ပုဂ္ဂလိကအလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ရပ်တည်နေတဲ့ရိပ်သာတခုဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

8