back

နောင်တောင်းဘုန်းကြီးကျောင်းတောင်ဘက် ညောင်ပင်ရွာကို နေရာပြောင်းရွေ့ရန် အချိန် ၃ ရက်ပေး

Mar 30 • 12:44 PM

breaking-news

Myanmar

Shan

cover

နောင်တောင်းဘုန်းကြီးကျောင်းတောင်ဘက် ညောင်ပင်ရွာကို နေရာပြောင်းရွေ့ရန် အချိန် ၃ ရက်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်တောင်းဘုန်းကြီးကျောင်း တောင်ဘက်တွင်ရှိသည့် ညောင်ပင်(ညောင်ႏဗက်ႏ)ရွာသည် သိမ်းထားတဲ့မြေပေါ်၌ မူလပိုင်ရှင်များက နေအိမ်တ...

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်တောင်းဘုန်းကြီးကျောင်း တောင်ဘက်တွင်ရှိသည့် ညောင်ပင်(ညောင်ႏဗက်ႏ)ရွာသည် သိမ်းထားတဲ့မြေပေါ်၌ မူလပိုင်ရှင်များက နေအိမ်တည်ဆောက်ပြီး နေထိုင်ကြသည့်အတွက် ပြောင်းရွေ့ပေးရန် ဖိအားပေးခြိမ်းခြောက်ခံနေရသည်။ရွာသားများအနေနှင့် ယခုနေသည့်နေရာ၏ အရှေ့ဘက်တွင်ရှိသည့် ဘုရားဖြူရွာသားများ ပိုင်ဆိုင်သည့် မြေပေါ်တွင် မြေညှိပေးထားပြီး အတင်းပြောင်းရွေ့ခိုင်းနေကြောင်း သိရသည်။၎င်းမြေကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကိုအကြိမ်ကြိမ် စာတင်ခဲ့တာတွေရှိခဲ့ကြောင်း အစည်းဝေးများတွင် ထိုမြေသည်၎င်းတို့နှင့် မဆိုင်တော့တဲ့အကြောင်း အကြိမ်ကြိမ်ပြန်ပြောပေးခဲ့ခြင်းများရှိခဲ့ကြောင်း သိရသည်။



news-view-count-icon

9