၃၀.၃.၂၀၂၆ ရက်နေ့၊ ၁၅ ၃၀ အချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ လပွတ္တာ-မြောင်းမြကားလမ်း၊ မိုင်တိုင်အမှတ်(၂) နှင့် (၃)ကြားတွင် ယာဉ်(၁)စီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား နှလုံးသားတွင် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လပွတ္တာမြို့နယ် (၃)မိုင် ကုတင် (၂၀၀) ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရပါသည်။



