ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ယခင်က ကားဆီအပြည့်ကို ၃၆,၀၀၀ ကျပ်ခန့် ရှိပြီး၊ ယခုတွင် တိုင်ကီဝက်ကို ၁၅၀,၀၀၀ ကျော်ပေးရကြောင်း ဆီပန့်ဆိုင်များတွင် ဆီအလုံအလောက်မရသည့်အတွက် ဆီရရှိသည့် ဆိုင်အချို့တွင်လည်း နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေရသည့်အတွက် လုပ်ငန်းခွင်ပျက်ကွက်မှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။ကုန်စိမ်းစိုက်ပျိုးသည့် တောင်သူများလည်း ဆီရရှိရန်အခက်အခဲများကြောင့် အောင်ပန်းထိသွားရောက် ရောင်းချရန်အခက်အခဲများရှိနေကြောင်း သိရသည်။ယခုကဲ့သို့ စက်သုံးဆီ အခက်အခဲကြောင့် သွားလာရေးစရိတ်များ မြှင့်တက်လာကာ ဒေသတွင်း ကုန်စည်ကူးသန်းရောင်းဝယ်ရေး ကဏ္ဍများတွင် ကြီးမားသော ရိုက်ခတ်မှုများ ရှိနေကြောင်း အဆိုပါအမျိုးသားက ပြောသည်။



