back

မြန်မာအမျိုးသားလေကြောင်းက ပြည်တွင်းပြည်ပ ခရီးဆောင်အိတ် အလေးချိန်များပြောင်းလဲ သတ်မှတ်

Mar 30 • 1:10 PM

breaking-news

Myanmar

Local

cover

မြန်မာအမျိုးသားလေကြောင်းက ပြည်တွင်းပြည်ပ ခရီးဆောင်အိတ် အလေးချိန်များပြောင်းလဲ သတ်မှတ်

မြန်မာအမျိုးသားလေကြောင်း (MNA) က ပြည်တွင်းပြည်ပ ခရီးဆောင်အိတ် အလေးချိန်များကို ဧပြီလ (၁) ရက်မှစ၍ ပြောင်းလဲသတ်မှတ်မည် ဖြစ်သည်။ထိုသို့သတ်မှတ်ခြင်းသည် လက်ရှိကြုံတွ...

မြန်မာအမျိုးသားလေကြောင်း (MNA) က ပြည်တွင်းပြည်ပ ခရီးဆောင်အိတ် အလေးချိန်များကို ဧပြီလ (၁) ရက်မှစ၍ ပြောင်းလဲသတ်မှတ်မည် ဖြစ်သည်။ထိုသို့သတ်မှတ်ခြင်းသည် လက်ရှိကြုံတွေ့နေရသော လေယာဉ်ဆီဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကြောင့် ပြည်တွင်း ပြည်ပခရီးစဉ်များ အချိန်မှန်ပျံသန်းပြေးဆွဲနိုင်ရေးနှင့် ခရီးစဉ်ဖျ-က်သိမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်သည်ဟုလည်း ဆိုသည်။ပြောင်းလဲသတ်မှတ်သည့် ကန့်သတ်ချက်များမှာ ပြည်ပခရီးစဉ်များ (International) အတွက် Business Class 40 Kg (2 Pieces)၊ Economy Class 30 Kg (2 Pieces)၊ Econom y Class (Saver&Promo) 20 Kg (2 Pieces ) ဖြစ်သည်။ပြည်တွင်းခရီးစဉ်များ (Domestic) အတွက် Business Cl ass 30 Kg (2 Pieces)၊ Economy Class 20 Kg (2 Pieces)ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပခရီးစဉ်များအားလုံးအတွက် Business Class Total 14Kg (2 Pieces)၊ Economy Class Total 7 Kg (1 Piece) တို့ဖြစ်သည်။ထို့အတူ Hand Carry Baggage Allowance အတွင်း၌ Duty Free မှ ဝယ်ယူသည့် ပစ္စည်းများ၏ အလေးချိန်ပါဝင်ပြီးဖြစ်ကာ သတ်မှတ်ထားသည့် KG ထက်ကျော်လွန်သော KG များကို Extra Fee ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

24