တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးမှကျင်းပသည့် ၈၁ နှစ်ပြည့်တပ်မတော်နေ့ အခမ်းအနားညစာစားပွဲသို့ တက်ရောက်ခဲ့သည့် ဆရာမချမ်းမြမြသော်မှာ ပြည်သူများ၏ ဝေဖန်ခံရမှုများ မြင့်တက်နေကြောင်းသိရသည်။ပြီးခဲ့သည့် မတ် ၂၆ ရက်နေ့ညတွင် ဆိုးလ်မြို့ရှိ Mondrian ဟိုတယ်၌ပြုလုပ်သည့် တပ်မတော်နေ့ညစာစားပွဲကို တက်ရောက်ခဲ့ကြောင်း သတင်းနှင့်ဓာတ်ပုံများပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ ဝေဖန်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။ဆရာမချမ်းမြမြသော်သည် KBS၊ SBS ကဲ့သို့ တောင်ကိုရီးယားရှိ ထိပ်တန်း ဖျော်ဖြေရေးနှင့် သတင်းမီဒီယာကုမ္ပဏီများမှ ပြုလုပ်သည့် ရှိုးပွဲများ၊ တီဗွီအစီအစဉ်အများအပြားတွင် နာမည်ကျော် ကိုရီးယားအနုပညာရှင်များနှင့်အတူ ပါဝင်ကာ မြန်မာ့အရေးနှင့်ပါတ်သတ်သည့် အကြောင်းအရာများကိုပြောဆိုခဲ့ပြီး ကိုရီးယားနိုင်ငံတွင်ပုံရိပ်ကောင်းတစ်ခုရရှိထားသူ တစ်ဦးလည်းဖြစ်သည်။လက်ရှိတွင် ယခုကဲ့သို့ ပြုလုပ်လိုက်ခြင်းကြောင့် ၎င်းအား လူမှုရေးပြစ်ဒဏ်(Social Punishment)ပြုလုပ်ကြရန် တိုက်တွန်းမှုများပြုလုပ်နေကြကြောင်းလည်း သိရသည်။
တောင်ကိုရီးယားတွင် တပ်မတော်နေ့ညစာစားပွဲတက်ရောက်ခဲ့သည့် ဆယ်လီဆရာမ ချမ်းမြမြသော် ဝေဖန်ခံရမှုမြင့်တက်နေ
Mar 30 • 4:13 AM
South Korea
Local News
Share
| 11 | 0 | 0 | 0 |


