back

မကွေးတိုင်း၊အောင်လံမြို့၌ ၁၃၈၇ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

Mar 30 • 4:14 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊အောင်လံမြို့၌ ၁၃၈၇ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ်ပိုင်းက စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်း အစည်းအ...

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ်ပိုင်းက စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် အောင်လံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက် အသီးသီးမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုကြရာ ပထမကြီးတန်းတွင် (၉) ပါး၊ ပထမလတ်တန်းတွင် (၁၃) ပါး၊

ပထမငယ်တန်းတွင် (၂၇) ပါးနှင့် အခြေပြုမူလတန်းတွင် (၄၄) ပါး၊စုစုပေါင်း (၉၃) ပါးတို့က သတ်မှတ်ထားသည့် စာဖြေဌာနတွင် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုတော်မူကြသည်။ကြီးကြပ်ဆရာတော်ကြီးများ၊စာဖြေသံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်း၊ အချိုရည်နှင့် အအေးများကို နေ့ရက်အလိုက် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ယခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

8