back

ထိုင်း-မြန်မာနယ်စပ်မြို့ရှိ ဘုရားသုံးဆူနယ်စပ်ဂိတ်တစ်ခုကို မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုကြောင့် ယာယီပိတ်ထားရပြီး အလုပ်သမားများ သွားလာခွင့် ရပ်ဆိုင်း

Mar 30 • 4:07 AM

breaking-news

Thailand

Local News

cover

ထိုင်း-မြန်မာနယ်စပ်မြို့ရှိ ဘုရားသုံးဆူနယ်စပ်ဂိတ်တစ်ခုကို မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုကြောင့် ယာယီပိတ်ထားရပြီး အလုပ်သမားများ သွားလာခွင့် ရပ်ဆိုင်း

ထိုင်း-မြန်မာနယ်စပ်မြို့၊ ဘုရားသုံးဆူရှိ နယ်စပ်ဂိတ်တစ်ခုကို ယမန်နေ့ညပိုင်းတွင် ထိုင်းအာဏာပိုင်များက လာရောက်ပိတ်ပင်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြည်သူမ...

ထိုင်း-မြန်မာနယ်စပ်မြို့၊ ဘုရားသုံးဆူရှိ နယ်စပ်ဂိတ်တစ်ခုကို ယမန်နေ့ညပိုင်းတွင် ထိုင်းအာဏာပိုင်များက လာရောက်ပိတ်ပင်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြည်သူများ၏ ဖြတ်သန်းသွားလာခွင့်ကို ယာယီတားမြစ်ထားသည်ဟု ဒေသခံများက ပြောဆိုသည်။ယင်းဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၂၉)ရက် နံနက်ပိုင်းတွင် ထိုင်းဘက်ခြမ်းရှိ ကန်ချနပူရီပြည်နယ်၊ ထောင်ဖာဖွန်မြို့နယ်၊ ထာခနွန်းကျေးရွာအုပ်စုရှိ သုံးလမ်းဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးသိန်းချီဖမ်းဆီးမိသည့်ဖြစ်စဉ်နှင့်ဆက်စပ်နေသည်ဟု ဒေသခံအချို့က ပြောဆိုသည်။အဆိုပါဖြစ်စဉ်နောက်ပိုင်း ယနေ့(မတ်လ ၃၀ ရက်)နံနက်ပိုင်းမှစတင်၍ ဘုရားသုံးဆူနယ်စပ်ရှိ ဒေသအခေါ် ကျောင်းဂိတ်မှတစ်ဆင့် ထိုင်းဘက်ခြမ်း ရှမ်းကုန်းဘက်သို့ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ဖြတ်သန်းသွားလာခွင့်အတွက် နှစ်ဖက်တာဝန်ရှိသူများအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။

news-view-count-icon

13