back

တရုတ်နိုင်ငံ၏ နွေရာသီ-‌ဆောင်းဦး လေကြောင်းပို့ဆောင်ရေးရာသီအတွက် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များ ထပ်တိုးစီစဉ်ထား

Mar 30 • 4:06 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၏ နွေရာသီ-‌ဆောင်းဦး လေကြောင်းပို့ဆောင်ရေးရာသီအတွက် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များ ထပ်တိုးစီစဉ်ထား

တရုတ်နိုင်ငံ မြို့ပြလေကြောင်းကဏ္ဍက နိုင်ငံ၏ နွေရာသီ-ဆောင်းဦး လေကြောင်းပို့ဆောင်ရေးရာသီအတွက် အစီအစဉ်သစ်များကို စတင်ဖော်ဆောင်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာခရီးစဉ်မျ...

တရုတ်နိုင်ငံ မြို့ပြလေကြောင်းကဏ္ဍက နိုင်ငံ၏ နွေရာသီ-ဆောင်းဦး လေကြောင်းပို့ဆောင်ရေးရာသီအတွက် အစီအစဉ်သစ်များကို စတင်ဖော်ဆောင်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာခရီးစဉ်များမှာလည်း ယမန်နှစ် ကာလတူထက် ၁.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲရေးဦးစီးဌာန (CAAC) ထံမှ သိရသည်။ မတ် ၂၉ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ ကြာမြင့်သော အဆိုပါရာသီတွင် ပြည်တွင်းနှင့် ပြည်ပလေကြောင်းလိုင်း ၂၂၂ လိုင်းက အပတ်စဉ် စုစုပေါင်း ခရီးသည်တင်နှင့် ကုန်တင်ခရီးစဉ် ၁၂၁,၀၀၀ ကြောင်း ရှိနိုင်မည်ဖြစ်ကြောင်း ယမန်နှစ် အလားတူကာလခန့်မှန်းချက်အရ သိရသည်။ စုစုပေါင်း ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်း ၁၉၁ လိုင်းက အပတ်စဉ် အပြည်ပြည်ဆိုင်ရာခရီးစဉ် ၂၁,၀၄၇ ကြောင်း ပြေးဆွဲရန် လျာထားရာ ယခင်နှစ် အလားတူကာလထက် ၁.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ယင်းကွန်ရက်မှာ နိုင်ငံပေါင်း ၈၆ နိုင်ငံကို လွှမ်းခြုံနိုင်မည်ဖြစ်သလို ဆိုက်ပရပ်စ်နိုင်ငံက ခရီးစဉ်ဒေသတစ်ခုအဖြစ် အသစ်ပါဝင်လာခဲ့ကြောင်း CAAC ထံမှ သိရသည်။

news-view-count-icon

3