back

တရုတ်စတာဂျင်ငါး အကောင်ရေ ၅၅၀,၀၀၀ ခန့်အား သဘာဝရေပြင်အတွင်း လွှတ်ပေး

Mar 30 • 4:05 AM

breaking-news

China

Local News

cover

တရုတ်စတာဂျင်ငါး အကောင်ရေ ၅၅၀,၀၀၀ ခန့်အား သဘာဝရေပြင်အတွင်း လွှတ်ပေး

မွေးမြူရေးကန်တွင် မွေးမြူထားသော တရုတ်စတာဂျင်ငါး အ‌ကောင်ရေ ၅၅၀,၀၀၀ ခန့်အား နိုင်ငံတစ်ဝန်း ဒေသအသီးသီးရှိ မြစ်များအတွင်းသို့ မတ် ၂၈ ရက်က လွှတ်ပေးခဲ့ကြောင်း တရုတ်နိ...

မွေးမြူရေးကန်တွင် မွေးမြူထားသော တရုတ်စတာဂျင်ငါး အ‌ကောင်ရေ ၅၅၀,၀၀၀ ခန့်အား နိုင်ငံတစ်ဝန်း ဒေသအသီးသီးရှိ မြစ်များအတွင်းသို့ မတ် ၂၈ ရက်က လွှတ်ပေးခဲ့ကြောင်း တရုတ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနထံမှ သိရသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသော အဆိုပါ ငါးလွှတ်ပေးခြင်း အစီအစဉ်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ ကျင်းကျိုးမြို့နှင့် ရီချန်းမြို့များ၌ တစ်ပြိုင်နက်ပြုလုပ်ခြင်းဖြစ်သည်။ ယင်းအစီအစဉ်အတွင်း တရုတ်စတာဂျင်ငါး မွေးမြူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဆက်စပ်သော ပညာရှင်များ၊ အဖွဲ့အစည်းများက အဆိုပါ ငါးမျိုးစိတ်နှင့်စပ်လျဉ်း၍ ကာကွယ်စောင့်ရှောက်ရေး၊ ကန်များဖြင့်မွေးမြူသော နည်းပညာများကို ထဲထဲဝင်ဝင်ဆွေးနွေးခဲ့ကြကြောင်း ဝန်ကြီးဌာနက ဖော်ပြထားသည်။ တရုတ်စတာဂျင်ငါးသည် နိုင်ငံအဆင့် ပထမတန်းစား ထိန်းသိမ်းစောင့်ရှောက်ထားသော သဘာဝငါးအမျိုးအစားဖြစ်ကာ ယန်ဇီမြစ်၏ အထင်ကရ ငါးမျိုးစိတ်လည်း ဖြစ်သည်။ အဆိုပါ ငါးမျိုးစိတ်ပြန်လည်စိုက်ထည့်ရေး ကြိုးပမ်းလုပ်ဆောင်မှု တိုးချဲ့ခြင်းသည် သဘာဝအတိုင်း မျိုးပွားမှု ထိန်းသိမ်းရန်နှင့် သဘာဝအတိုင်း ကျင်လည်ပေါက်ဖွားမှုများ ပြန်လည်ဖော်ဆောင်ပေးရန် အဓိက စီမံဆောင်ရွက်မှုတစ်ခုလည်း ဖြစ်သည်။

news-view-count-icon

10