back

ရှမ်းမြောက်မှာ စက်သုံးဆီစျေး ဆက်တိုက်မြှင့်တက်နေ

Mar 30 • 4:04 AM

breaking-news

Myanmar

Shan

cover

ရှမ်းမြောက်မှာ စက်သုံးဆီစျေး ဆက်တိုက်မြှင့်တက်နေ

ရှမ်းမြောက် စက်သုံးဆီစျေးနှုန်းတွေ နေ့စဉ်လိုလို မြှင့်တက်နေပြီး မြို့နယ်အလိုက် တစ်လီတာကို ၁၂၀၀၀ ကျပ်ကနေ နှစ်သောင်းကျော်အထိ စျေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြေ...

ရှမ်းမြောက် စက်သုံးဆီစျေးနှုန်းတွေ နေ့စဉ်လိုလို မြှင့်တက်နေပြီး မြို့နယ်အလိုက် တစ်လီတာကို ၁၂၀၀၀ ကျပ်ကနေ နှစ်သောင်းကျော်အထိ စျေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ယမန်နေ့ မတ်လ ၂၉ ရက်မှာ လားရှိုးက ပန့်ဆီဆိုင်မှာ ဆီတစ်လီတာကို ၁၂,၅၀၀ ကျပ် ပေးရပြီး မြို့ပြင်နေရာတွေမှာတော့ တစ်လီတာကို တစ်သောင်းခွဲအထိ ပေးဝယ်နေရတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။"ပန့်ဆီဆိုင်စျေးက (၁၂,၅၀၀) ပေးရတယ်။ ဗူးနဲ့က တစ်လီတာကို တစ်သောင်းခွဲနဲ့ ရောင်းတယ်။ ဒီမှာက စျေးတအားတင်ရောင်းတယ်။ ဒီပုံစံနဲ့ဆို မလွယ်ဘူး" လို့ ဆိုပါတယ်။တရုတ်-မြန်မာ နယ်စပ် နမ့်ခမ်းမြို့မှာတော့ ပန့်ဆီဆိုင်မှာ ဆီတစ်လီတာကို (၁၈,၀၀၀) ကျပ် ပေးရပြီး၊ ကွတ်ခိုင်နဲ့ နမ္မတူမှာ တစ်လီတာကို တစ်သောင်းခွဲအထိ ပေးရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

news-view-count-icon

9