back

ကမ္ဘောဒီးယားရှိ နိုင်ငံခြားသား ၂၂၀,၀၀၀ ကျော် ၎င်းတို့ဆန္ဒအလျောက် နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့

Mar 30 • 4:03 AM

breaking-news

Cambodia

Local News

cover

ကမ္ဘောဒီးယားရှိ နိုင်ငံခြားသား ၂၂၀,၀၀၀ ကျော် ၎င်းတို့ဆန္ဒအလျောက် နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့

ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ နောက်ဆုံးရ စာရင်းအင်း အချက်အလက် ထုတ်ပြန်ချက် တွေအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ မတ်လ ၂၃ ရက်အထိ ကမ္ဘောဒီးယားနိုင်...

ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ နောက်ဆုံးရ စာရင်းအင်း အချက်အလက် ထုတ်ပြန်ချက် တွေအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ မတ်လ ၂၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံအတွင်းက နိုင်ငံခြားသား စုစုပေါင်း ၂၂၁,၈၁၈ ဟာ မိမိတို့ သဘောဆန္ဒအလျောက် နိုင်ငံတွင်းကနေ ထွက်ခွာသွားခဲ့ကြတယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။ အဆိုပါ ထွက်ခွာသွားသူတွေထဲမှာ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန် စတဲ့ နိုင်ငံအသီးသီးက နိုင်ငံသားတွေ ပါဝင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အွန်လိုင်းငွေလိမ်လည်မှု (Online Scams) လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံခြားသား အရေအတွက်မှာ ၄၀,၀၀၀ ကျော်ရှိနေပြီး၊ သူတို့ကလည်း နိုင်ငံပေါင်း ၇၆ နိုင်ငံက လာရောက်ကြသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ လိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံခြားသားတွေ ရှင်းလင်းဖယ်ရှားရေး လုပ်ငန်းစဉ်တွေကိုလည်း လက်ရှိအချိန်အထိ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါတယ်။

news-view-count-icon

11