မွန်ပြည်နယ်၊သထုံမြို့ အာဝါဒေးပွဲသို့လာသော လူငယ်များ ပျောက်ဆုံးနေကြောင်း သိရသည်။သထုံမြို့၊လိပ်အင်းရပ်ကွက်၊လေယာဉ်ကွင်းဟောင်းတွင် မတ်လ၂၆ရက်ညက စတင်ပြုလုပ်နေသော ဈေးရောင်းပွဲ၊ အာဝါဒေးပွဲသို့ လာသည့် လူငယ်အမျိုးသား ၁၀ဦး ယမန်နေ့ (မတ်၂၉ရက်)အချိန်ထိ အိမ်ပြန်မရောက်ကြောင်း မွန်ပြည်နယ် ဒေသခံများက ပြောသည်။မတ်လ၂၈ရက်ညက အာဝါဒေးပွဲမှ ဆိုင်ကယ်များဖြင့် ပြန်လာသည့် နောင်ဘိုရွာသားများအနက် နောက်ဆုံးမှ လိုက်ပါလာသည့် လူငယ်၂ယောက်စီး ဆိုင်ကယ်မှာ ရွာသို့ ပြန်မရောက်လာတော့ ကြောင်း သိရသည်။မတ်၂၇ရက်ညက သထုံမြို့နယ်၊အင်းဝိုင်းရွာမှ အာဝါဒေးပွဲသို့လာသော လူငယ်၈ဦးလည်း ပျောက်ဆုံး နေကြောင်း သိရသည်။“ဘယ်မှာ ဘာဖြစ်ပြီး ကျန်ခဲ့တာလဲမသိဘူး။ဒီနေ့ထိ ပျောက်နေတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
| 16 | 0 | 0 | 0 |


