back

ရှမ်းပြည်နယ်၊ တောင်ကြီးတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကာ မဏ္ဍပ် ၉ ခု ဆောက်လုပ်နေ

Mar 30 • 4:02 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ တောင်ကြီးတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကာ မဏ္ဍပ် ၉ ခု ဆောက်လုပ်နေ

ရှမ်းပြည်နယ်၊တောင်ကြီးမြို့တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် အပါအဝင် မဏ္ဍပ်ကြီး (၉) ခု ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့၊ မြန်မာ့ရိုးရာ...

ရှမ်းပြည်နယ်၊တောင်ကြီးမြို့တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် အပါအဝင် မဏ္ဍပ်ကြီး (၉) ခု ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။တောင်ကြီးမြို့၊ လွှတ်တော် ကျားခေါင်းရုံးတွင် ဗဟိုမဏ္ဍပ် ကို တည်ဆောက်သွားမည်ဖြစ်ကာ၊ နောက်ထပ် မဏ္ဍပ်များမှာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန အောက်ရှိ ဌာနများမှ မဏ္ဍပ်တစ်ခု၊ ဗိုလ်ချုပ်ပန်းခြံထောင့်တွင် မဏ္ဍပ်တစ်ခု၊ City Square ရှေ့တွင် မဏ္ဍပ်တစ်ခု၊ ကုန်သည်လမ်းထိပ်တွင် မဏ္ဍပ်တစ်ခု၊ မြို့မစျေးအနီး ဆိုင်ကယ်စတန်းတွင် မဏ္ဍပ်တစ်ခု၊ ဘုံကျောင်း ရှေ့တွင် မဏ္ဍပ်တစ်ခု ၊ စိုက်ပျိုးရေးဦးစီးဌာန ရှေ့တွင် မဏ္ဍပ်တစ်ခု နှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ရှေ့တွင် မဏ္ဍပ်တစ်ခု ၊ စုစုပေါင်း မဏ္ဍပ် (၉) ခု တည်ဆောက်နေကြောင်း သိရသည်။

news-view-count-icon

14