back

မြန်မာပြည်တွင်း မြို့ကြီးများ၌ လူစီးအမြန်ရထားတွဲများ တိုးချဲ့ပြေးဆွဲနေ

Mar 30 • 3:58 AM

breaking-news

Myanmar

Local

cover

မြန်မာပြည်တွင်း မြို့ကြီးများ၌ လူစီးအမြန်ရထားတွဲများ တိုးချဲ့ပြေးဆွဲနေ

ရန်ကုန်-နေပြည်တော်-မန္တလေး ၊ ရန်ကုန်-မော်လမြိုင် နဲ့ ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွေရှိ လူစီးအမြန် ရထားတွေမှာ ရထားတွဲတွေ တိုးချဲ့ချိတ်ဆက် ပြေးဆွဲပေးနေတယ်လို့ မြန...

ရန်ကုန်-နေပြည်တော်-မန္တလေး ၊ ရန်ကုန်-မော်လမြိုင် နဲ့ ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွေရှိ လူစီးအမြန် ရထားတွေမှာ ရထားတွဲတွေ တိုးချဲ့ချိတ်ဆက် ပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထားက မတ် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းမှာ လေအေးပေးစက်ပါ DEMU ရထားတစ်စင်း ထပ်မံ တိုးချဲ့ ပြေးဆွဲ ပေးနေတဲ့ အတွက် နေ့စဉ် အစုန်/အဆန် (၃) စင်းနဲ့ ပုံမှန်ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။အလားတူ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ အမှတ် (၁၁) အဆန်၊ အမှတ် (၁၂) အစုန် လူစီးအမြန်ရထားတွေမှာ လည်း ခရီးသည်စီးနင်းမှု များပြားလာတဲ့အတွက် အထက်တန်း တစ်တွဲ၊ ရိုးရိုးတန်း သုံးတွဲ ထပ်မံချိတ်ဆက် ပြေးဆွဲပေး ခဲ့ပြီး အရင် ရပ်တန့်ဘူတာ ၁၆ ဘူတာ ရှိရာမှ ဒိုက်ဦး၊ ရေနီ၊ ညောင်ရမ်း၊ မြစ်သား (၄) ဘူတာ ထပ်မံ ရပ်တန့်ပေးခဲ့တယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

news-view-count-icon

32