စက်သုံးဆီများအား စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများပြုလုပ်၍ သိုလှောင်ရောင်းဝယ်လျက်ရှိကြောင်းသတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ရာ မန္တလေးမြို့နေ ပိုင်ရှင် ဦးသိန်းသန်းဝင်း(တိမ်းရှောင်) ပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့ နေ ဒေါ်ထက်ထက်မျိုးဆွေ၊ ၂၆ နှစ်၊ (ဘ) ဦးဇော်မျိုး ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့်၊ ၂၇ နှစ်၊ (ဘ) ဦးကျော်ဝင်း ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြစ်ငယ် မြို့နေမျိုးမင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် စက်သုံးဆီခြံနှင့် Golden Star စားသောက်ဆိုင်အနီးတွင် ရပ်တန့် ထားသည့်တရားမဝင်စက်သုံးဆီရောင်းဝယ်သည့်ယာဉ်များ စသည့်နေရာ ၅ နေရာမှ တရားခံ ၁၇ ဦးအား ၂၂ ဘီး ဆီသယ်ယာဉ် ၄ စီး၊ ဆီနောက်တွဲယာဉ် ၁ စီး၊ ၂ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၁၂ ဘီး ဆီသယ်ယာဉ် ၁ စီး၊ ၁ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၈ ဘီးဆီသယ်ယာဉ် ၁ စီး၊ ၆ ဘီး ဆီသယ်ယာဉ် ၃ စီး၊ Light Truck ယာဉ် ၅ စီး၊ Toyota Van ၁ စီး၊ စုစုပေါင်းယာဉ် ၂၂ စီး၊ ပရီမီယမ်ဒီဇယ် ၃ဝ,ဝ၈၃ ဂါလန်၊ အောက်တိန်း 92 ဓာတ်ဆီ ၃၀,၄၆၂ ဂါလန်၊ စုစုပေါင်းစက်သုံးဆီမျိုးစုံ ၆၀,၅၄၅ ဂါလန်နှင့် တရားမဝင်စက်သုံးဆီများ အရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့်ငွေများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါသည်။



