ကရင်ပြည်နယ်၊ဖယ်ခုံမြို့နယ်အနောက်ခြမ်းရှိ ဒုက္ခသည်စခန်းများတွင် စက်သုံးဆီရှားပါးမှုကြောင့် ရေဈေးနှုန်း အဆမတန်မြင့်တက်လာပြီး ဘေးရှောင်ပြည်သူများ သောက်သုံးရေရှားပါးမှုနှင့် စားဝတ်နေရေးအကျပ်အတည်းများ ကြုံတွေ့နေရကြောင်းသိရသည်။ကရင်နီပြည်၊ ဖယ်ခုံအနောက်ခြမ်းအပါအဝင် ကရင်နီဒေသရှိ ဘေးရှောင်များသည် ယခင်က ရေကားများကို စုပေါင်းမှာယူနိုင်ခဲ့သော်လည်း ယခုအခါ သယ်ယူစရိတ်နှင့် စက်သုံးဆီအခက်အခဲများကြောင့် ရေဈေးနှုန်းမှာ နှစ်ဆနီးပါး ခုန်တက်သွားခဲ့ကြောင်း သိရသည်။ လက်ရှိရင်ဆိုင်နေရသော ရေရှားပါးမှုပြဿနာအပြင် ရှေ့လာမည့် မိုးရာသီတွင် မိုးကာလိုအပ်ချက်များအတွက် စိုးရိမ်နေကြောင်း ၎င်းဒေသခံဆက်ပြောသည်။မိုးရာသီကျပြန်ရင်လည်း မိုးကာလိုအပ်ချက်တွေ ရှိလာဦးမှာ။ ယခုလက်ရှိ ကရင်နီဒေသ ဘေးရှောင်စခန်းများတွင် ရေရှားပါးမှုနှင့်အတူ ကျန်းမာရေးဆိုင်ရာ ဆေးဝါးလိုအပ်ချက်များလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။
Mar 29 • 7:23 AM
Myanmar
Local
Share
| 18 | 0 | 0 | 0 |


