back

(၁၆)နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှု အင်ဒိုနီးရှားပိတ်ပင်

Mar 29 • 7:18 AM

breaking-news

Myanmar

International

cover

(၁၆)နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှု အင်ဒိုနီးရှားပိတ်ပင်

အင်ဒိုနီးရှားနိုင်ငံသည် အသက် ၁၆ နှစ်အောက် ကလေးငယ်များ လူမှုမီဒီယာသုံးစွဲမှုကို တားမြစ်ပိတ်ပင်သည့် စည်းမျဉ်းသစ်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှစတင်၍ အကောင်အ...

အင်ဒိုနီးရှားနိုင်ငံသည် အသက် ၁၆ နှစ်အောက် ကလေးငယ်များ လူမှုမီဒီယာသုံးစွဲမှုကို တားမြစ်ပိတ်ပင်သည့် စည်းမျဉ်းသစ်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှစတင်၍ အကောင်အထည်ဖော် ကျင့်သုံးလိုက်ပြီဖြစ်သည်။ အဆိုပါကန့်သတ်ချက်တွင် YouTube, TikTok, Facebook နှင့် Instagram အပါအဝင် လူမှုမီဒီယာစာမျက်နှာများအားလုံး ပါဝင်ပြီး၊ ကလေးသူငယ်များအား အွန်လိုင်းပေါ်၌ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ အနိုင်ကျင့်ခံရမှုနှင့် လိမ်လည်မှုများမှ ကာကွယ်ရန်နှင့် လူမှုမီဒီယာစွဲလမ်းမှု ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုလုပ်ဆောင်ချက်ကြောင့် အင်ဒိုနီးရှားသည် အရှေ့တောင်အာရှတွင် ကလေးများ လူမှုမီဒီယာသုံးစွဲမှုကို ပထမဆုံးပိတ်ပင်သည့် နိုင်ငံဖြစ်လာပြီး၊ ကမ္ဘာပေါ်တွင် ဩစတြေးလျနိုင်ငံပြီးနောက် ဒုတိယမြောက် တရားဝင်ပိတ်ပင်သည့် နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

10