back

မင်းလှမြို့နယ်တွင် မိုင်းခွဲဖျက်ဆီးခံရသည့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းတာဝါတိုင်များကို အမြန်ဆုံး ပြန်လည်ပြုပြင်နေ

Mar 29 • 7:17 AM

breaking-news

Myanmar

Local

cover

မင်းလှမြို့နယ်တွင် မိုင်းခွဲဖျက်ဆီးခံရသည့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းတာဝါတိုင်များကို အမြန်ဆုံး ပြန်လည်ပြုပြင်နေ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ၂၃၀ ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ Double Circuit ဓာတ်အားလိုင်းတာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန...

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ၂၃၀ ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ Double Circuit ဓာတ်အားလိုင်းတာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် လျှပ်စစ်ဓာတ်အား ဝန်အားထိန်းညှိမှုများ ပြုလုပ်နေရပြီး လက်ရှိတွင် အမြန်ဆုံးပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ မတ်လ ၂၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါဖောက်ခွဲမှုကြောင့် တာဝါတိုင်အမှတ် ၃၁၁ နှင့် ၃၁၂ တို့ ပြိုလဲကာ အမှတ် ၃၁၀ နှင့် ၃၁၃ တို့ တိမ်းစောင်းပျက်စီးခဲ့ရပြီး၊ ဓာတ်အားစနစ်အတွင်း မဂ္ဂါဝပ် ၄၀၀ ခန့် ပို့လွှတ်မှု လျော့နည်းသွားခဲ့သည်။ ယင်းချို့ယွင်းမှုကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်းရှိ အချို့နေရာများတွင် ဓာတ်အားပြတ်တောက်မှုများ ရှိနေသဖြင့် အဆင်မပြေမှုများအတွက် နားလည်သည်းခံပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က မတ်လ ၂၉ ရက်နေ့တွင် မေတ္တာရပ်ခံထားပါသည်။

news-view-count-icon

25