၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် အဓိကဝယ်ယူနေသည့် အိန္ဒိယနိုင်ငံ၏ ရူပီးငွေတန်ဖိုး အားပျော့နေမှုကြောင့် မြန်မာ့မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။ အိန္ဒိယဈေးကွက်တွင် ဝယ်လိုအားအေးနေသဖြင့် မတ်ပဲ CNF ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ ခန့် ကျဆင်းသွားပြီး၊ ပြည်တွင်းရန်ကုန်ဈေးကွက်တွင်လည်း မတ်ပဲ (အသစ်) FAQ တစ်တန်လျှင် ကျပ် ၃,၁၁၅,၀၀၀ မှ ၃,၀၈၂,၀၀၀ သို့လည်းကောင်း၊ မတ်ပဲ (အဟောင်း) မှာ ကျပ် ၃,၁၀၅,၀၀၀ မှ ၃,၀၇၅,၀၀၀ သို့လည်းကောင်း အသီးသီး ဈေးကျရိပ်သန်းနေကြောင်း ပဲကုန်သည်များ၏ ပြောကြားချက်အရ သိရှိရပါသည်။
Mar 29 • 7:16 AM
Myanmar
International
Share
| 8 | 0 | 0 | 0 |


