ရန်ကုန်အပါအဝင် မြို့ကြီးအချို့ရှိ ပြင်ပစက်သုံးဆီမှောင်ခိုဈေးကွက်တွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများသည် တစ်လီတာလျှင် ငွေကျပ် ၁၅,၀၀၀ အထိ စံချိန်တင်မြင့်တက်နေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အငယ်စားအချို့မှာ ဆီဆိုင်များ၌ အငှားတန်းစီကာ ရရှိလာသည့်ဆီများကို ပြန်လည်ထုတ်ရောင်းခြင်း၊ ဆီဆိုင်ဝန်ထမ်းအချို့နှင့်ပူးပေါင်းကာ QR Scan မဖတ်ဘဲ ဆီထုတ်ယူရောင်းချခြင်းများကြောင့် အမှန်တကယ်လိုအပ်သူများအတွက် အခက်အခဲဖြစ်ပေါ်နေပြီး ဆီတန်းစီသည့်ကားတန်းများ ပိုမိုရှည်လျားလာနေသည်။ ယင်းကဲ့သို့ မမှန်မကန်ရောင်းချမှုများကြောင့် စွမ်းအင်ဝန်ကြီးဌာနက ဆီဆိုင် ၃၀ ခန့်ကို နောက်ဆုံးအကြိမ် သတိပေးထားပြီး၊ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်ရှိ "စိန်စီအောင်" စက်သုံးဆီဆိုင်ကို လိုင်စင်ယာယီပိတ်သိမ်းကာ တာဝန်ရှိသူများကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
စက်သုံးဆီမှောင်ခိုဈေးကွက်တွင် တစ်လီတာ ၁၅,၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာပြီး အငှားတန်းစီပြန်လည်ရောင်းချသူများ ရှိနေ
Mar 29 • 7:14 AM
Myanmar
International
Share
| 15 | 0 | 0 | 0 |


